Local News

မန္တလေးကုန်စည်ဒိုင် မြေပဲဆံအရောင်းဝယ်အေး၍ ဈေးနှုန်းကျဆင်းလာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ နွားထိုးကြီး၊ စစ်ကိုင်း၊ ဝက်လက်၊ အောင်လံ၊ မြင်းမူဘက်မှ မြေပဲဆံ အသစ်များဝင်ရောက်နေပြီး ပြည်ပတင်ပို့မှုမရှိခြင်း၊ ဆီစက်သမားများအဝယ်အေးခြင်း၊ ယခင်လများကစားအုန်းဆီလက်လီဈေးများတစ်ပိဿာကျပ် ၁၀၀၀၀ကျော်ထိမြင့်တက်လာ၍မြေပဲဆီနှင့်ဈေးနှုန်းကွာဟမှုနည်းသောကြောင့် စားအုံးဆီအစား မြေပဲဆီကိုပြောင်းလဲ စားသုံးလာခဲ့ကြရာမြေပဲဆီလိုအပ်ချက်များ၍ဆီစက်များမှမြေပဲဆံအဝယ်လိုက်ပြီးဈေးမြင့်တက်ခဲ့သည်။ယခုစားအုန်းဆီဈေး ပြန်လည်ကျဆင်းလာပြီး စားအုန်းဆီကို ပြန်လည်စားသုံးလာကြ၍ ပဲဆီသုံးစွဲမှု လျော့ကျလာပြီး ဆီစက်များမှ မြေပဲဝယ်ယူမှုနည်းလာသောကြောင့် မြေပဲဆံအရောင်း အဝယ်အေးလာကြောင်းသိရသည်။မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၅၅၀၀ မှ ၅၃၀၀၊ ယခင်တစ်ပတ် ကျပ် ၅၇၀၀ မှ ၅၆၀၀၊ယခင်လကျပ် ၇၁၀၀မှ ၆၉၅၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၀၀မှ ၃၀၀၊ယခင်လထက်ကျပ်၁၆၀၀မှ၁၆၅၀ နိမ့်ကျလာသည်။

မြေပဲလုံးဆံ(အနီ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင်ကျပ် ၆၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၅၈၀၀မှ ၅၇၀၀ ၊ ယခင်လ ကျပ် ၆၈၀၀မှ ၆၆၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၀၀မှ ၃၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ်၆၀၀မှ ၈၀၀ နိမ့်ကျလာသည်။

မြေပဲ(ဆီဆံ) တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၅၁၀၀ မှ ၄၅၀၀ ယခင်တစ်ပတ် ကျပ် ၄၇၀၀ မှ ၅၃၀၀၊ ယခင်လကျပ် ၅၈၀၀ မှ ၆၃၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ ၊ ယခင်လထက်ကျပ် ၁၂၀၀ မှ ၁၃၀၀ နိမ့်ကျလာသည်။

မြေပဲဆံအမျိုးအစားလိုက် ယခင်တစ်ပတ်ထက်ကျပ်၂၀၀၊ ယခင်လထက်ကျပ်၆၀၀မှ ၁၆၅၀နိမ့်ကျလာကြောင်းတွေ့ရ သည်။

 ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News